မန္တလေး ၁၁ ဇန်နဝါရီ 


မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အကြိုမြေတိုင်းတာခြင်း လုပ်ငန်းကို အခုလ ၆ ရက်က စတင်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထား အထက်မြန်မာပြည်ရုံးမှ သိရသည်။ 

 

42412624_1370003409799638_5564232317829906432_n


မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ကနဦးလေ့လာမှု မြေတိုင်းတာခြင်းအတွက် အကြိုမြေတိုင်းတာခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ 
အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့အထိ ရထားလမ်းသစ်ဖောက်လုပ်မည့် စီမံကိန်း၏  အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 


မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု Feasibility Study လမ်းအူကြောင်း ကနဦးလေ့လာမှုမြေတိုင်းတာခြင်းအတွက် အကြိုမြေတိုင်းတာခြင်းလုပ်ငန်းကို မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Co,. Ltd တို့မှ ဆောင်ရွက်ကြမည်ဖြစ်သည်။


"စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု Feasibility Study အတွက် အခုမြေတိုင်းတဲ့လုပ်ငန်းတွေ လုပ်နေပြီ ၊ ရှေ့ဆက်မယ် လုပ်ငန်းတွေကို ဆက်လက်ဆွေးနွေးရအုံးမှာပါ'' ဟု မြန်မာ့မီးရထား အထက်မြန်မာပြည်ရုံးက တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 


မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းဆိုင်ရာ အခြေခံစီမံကိန်းတွင် ရထားလမ်းအရှည်မှာ ခန့်မှန်း ၄၃၁ ကီလိုမီတာ၊ တံတားကြီးငယ်အရေအတွက် ခန့်မှန်း ၇၇ စင်း၊ ဥမင်လှိုင်ခေါင်း ၇၇ ခု၊ လူစီးနှင့်ကုန်တင် ဘူတာ ၇ ခု၊ လူစီးသီးသန့်ဘူတာ ၅ ခုနှင့် လမ်းခွဲဘူတာ ၂၄ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရထားလမ်းတွင် လျှပ်စစ်အမြန်ရထားဖြစ်ပြီး အမြန်နှုန်း 160 km/h ဖြင့်ပြေးဆွဲနိုင်ရန် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ 


အိမို့မို့ခိုင်