နေပြည်တော် ၁၅ မေ
ရှမ်းပြည်နယ် နောင်ချိုမြို့ မန္တလေး- နောင်ချိုလမ်း၊ ပြည်ထောင်စုလမ်းမကြီး (ဂုတ်တွင်းလမ်းပိုင်း)၊ မိုင်တိုင်အမှတ်(၇၉/၄)တွင် လမ်းဘေးမြောင်းအတွင်းသို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်းသိရသည်။
ပေါက်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်လာသော NISSAN DIESEL (အပြာရောင်) ၁၂ ဘီး ယာဉ်သည် နွားထီး အကောင် ၂၀ တင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်၊ အနက်(၆)ပေခန့်ရှိ မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ နွားထိန်း(၂)ဦးအနက် (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိသူ အား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲပြီး ပိမိနေသော နွားများအား ယာဉ်၏အပြင်ဘက်သို့ ကူညီထုတ်ယူကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။
MDN
