နေပြည်တော် ၄ မတ်
မန္တလေး-နေပြည်တော်လမ်း မိုင်တိုင်အမှတ် (၃၄၆/၅-၃၄၆/၆) တွင် မတ် ၄ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၅၀ က ယာဉ်မောင်း ကိုကျော်သူ မောင်းနှင်လာသည့် ရွှေလမင်း ခရီးသည်တင် မှန်လုံယာဉ်(မန္တလေး-စစ်တွေ) သည် နောက်ဝဲဘက်ဘီး ဘရိတ်ရှူးကပ်ပြီး အပူလွန်ကဲ မီးလောင်သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု မီးသတ်တပ်ဖွဲ့များမှ ကူညီမီးငြှိမ်းသတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ပြီး လိုက်ပါလာသည့် ယာဉ်မောင်းပါကျား( ၃၂)ဦးမ (၁၀ )ဦး စုစုပေါင်း (၄၂)ဦးထိခိုက်ဒဏ်ရာ မရရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN
