မန္တလေး ၂၀ ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း(မန္တလေး)နှင့် မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (မန္တလေး)တို့ ပူးပေါင်းဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက  မန္တလေးပြန်လည်ထူထောင်ရေး စခန်းသင်တန်းခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ခင်စန်းရီက အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန (မန္တလေး)စခန်း မန်နေဂျာက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းအား တိုးမြှင့်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

 

သင်တန်းဖွင့်ပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အသင်းခွဲ ဥက္ကဋ္ဌများ၊ မန္တလေးခရိုင် (၅)မြို့နယ်မှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းကာလမှာ ၅ ရက် ဖြစ်ပြီး သင်တန်းသား ဦးရေ ၂၀ တက်ရောက်ကြကြောင်း သိရသည်။   

                    

မောင်ပြည်သူ(မန္တလေး)