နွားထိုးကြီး၊  ၅   ဖေဖေါ်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး     မန္တလေး-ပုဂံ အမြန်ရထားကို             ဖေဖေါ်ဝါရီ ၄ ရက် ညကစ၍ မန္တလေးမှ ပုဂံသို့ စတင်ပြေးဆွဲနေကြောင်း နွားထိုးကြီး ရုံပိုင်ကြီးက ပြောသည်။

 

မန္တလေး-ပုဂံ လော်ကယ်ရထားကို    ယနေ့ဖေဖေါ်ဝါရီ ၅ ရက်မှစတင်၍   ပုဂံမှမန္တလေးသို့ စတင်ပြေးဆွဲသကဲ့သို့    မန္တလေးမှလည်းပုဂံသို့    စတင်ရထား ၂ စင်းထွက်ခွာလာကြပြီဖြစ်သည်။

 

ပုဂံ-မန္တလေး အမြန်ရထား     လော်ကယ်ရထားများကို     ယခင်အတိုင်း ပုံမှန်ဈေးမှန်ဖြင့် ပြေးဆွဲနေကြောင်း နွားထိုးကြီးရုံပိုင်ကြီးက ပြောသည်။

 

မန္တလေး-ပုဂံ ရထားများ     ကိုဗစ်ကြောင့် ၁၀ လကြာ ရပ်နားထားခဲ့ရခြင်းလည်း ဖြစ်သည်။

 

ဌေးမြင့်မောင်