နွားထိုးကြီး ဇွန် ၇
မန္တလေး-ပုဂံ ရထားလိုင်းများ ပြန်လည်ပြေးဆွဲပေးရန် ဒေသခံခရီးသွားများက လိုလားနေပြီး ယခုလို စက်သုံးဆီကြောင့် ကားခများ အဆမတန် ဈေးမြင့်နေချိန် ဈေးသက်သာသော မီးရထားကို စီးလိုခြင်းဖြစ်သည်။
ယခင်က မန္တလေး-ပုဂံ ရထားလမ်းတွင် ပုဂံအမြန်၊ ပုဂံလော်ကယ်နှင့် မြင်းခြံ-မြို့သာ ကားရထား အစုန်/အဆန်(၆)စီး ပြေးဆွဲခဲ့ရာ ဒေသခံမြို့များဖြစ်သည့် တံတားဦး၊ နွားထိုးကြီး၊ တောင်သာ၊ ပုဂံညောင်ဦးမြို့နယ်များရှိ ကျေးရွာများမှ ခရီးသွားလာရေး အဆင်ပြေခဲ့၍ မီးရထားခမှာ အမြန် ၂၀၀၀၊ ရိုးရိုး ၁၅၀၀ သာရှိခဲ့ပြီး ယခု ကားခမှာ ၁၀ ဆကြီးမြင့်နေသည့်အတွက် ဒေသတွင်းခရီးသွားများ ပုဂံ-မန္တလေး သွားလာရေး အခက်တွေ့နေရကြောင်း သိရသည်။
ဌေးမြင့်မောင်