မန္တလေး ၂၂ စက်တင်ဘာ

မြန်မာနိုင်ငံ ဂီတအစည်းအရုံးဗဟိုမှ မန္တလေး()မြို့နယ် ဂီတအစည်းအရုံး တာဝန်ပေးအပ်ပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ..က(၁၄)ရှိ ပန်းမျိုးတရာခန်းမတွင် ယနေ့ နံနက် နာရီခွဲက ကျင်းပ ပြုလုပ်သည်။

            ရှေးဦးစွာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြမြဖွေးတို့က  အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် မြို့နယ်ဂီတအစည်းအရုံးများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ဂီတအစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းအား ကြေညာပြီး မြို့နယ်များအလိုက် အမှုဆောင်ခန့်အပ်လွှာများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌက ပေးအပ်ကာ မြို့နယ်ဂီတအစည်းအရုံးများကိုယ်စား မဟာအောင်မြေမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦး(နေခြည်)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးမြို့မှ ဂီတအစည်းအရုံး အမှုဆောင်များနှင့် ဂီတချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)