မန္တလေး ၈ ဇွန်
မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူများအနက် (၇၁) ဦး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထောင်တွင်း ပညာသင်အထက်တန်းကျောင်း၊ အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းခွဲ စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြရာ အကျဉ်းသား၊ အကျဉ်းသူ (၄၂) ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
ယနေ့ထုတ်ပြန်လိုက်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွင် မန္တလေး ဗဟိုအကျဉ်းထောင်မှ (၂) ဘာသာဂုဏ်ထူးရသူ ကျား (၁) ဦး၊ မ (၂) ဦးစုစုပေါင်း (၃)ဦး၊ (၁) ဘာသာဂုဏ်ထူးရသူ ကျား (၈) ဦး၊ မ (၃) ဦး စုစုပေါင်း (၁၁) ဦး၊ ရိုးရိုးအောင်မြင်သူ ကျား (၂၇) ဦး၊ မ (၁) ဦး စုစုပေါင်း (၂၈) ဦး၊ စုစုပေါင်း အကျဉ်းသား အကျဉ်းသူ (၄၂) ဦး အောင်မြင်ကြပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)