ဘိုကလေး  ၂၇   စက်တင်ဘာ 

မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်  ကျောင်းသား/ကျောင်းသူများ MBBS အပိုင်း(က)၏ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာအရ ကျေးလက်ကွင်းဆင်းခြင်း လုပ်ငန်းအဖြစ်  ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့မဈေးကြီးနှင့် သုသာန်အတွင်း ကွင်ဆင်းလေ့လာမှုများ ဆောင်ရွက်ကြသည်။

 

ေ

 


ကွင်းဆင်းလေ့လာရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ  မြို့မဈေးကြီးအတွင်းရှိ ရောင်းချမှုကုန်စည်များအား ကျန်းမာရေးနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာကြပြီး သုသာန်မြေအတွင်းရှိ မီးသဂြိုလ်စက်ဖြင့် မီးသင်္ဂြိုဟ်ပုံ အဆင့်ဆင့်အား လေ့လာခဲ့ကြောင်းနှင့် အဆိုပါ ကျောင်းသားများအနေဖြင့် ဘိုကလေး မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အောက်တိုဘာ ၁၁ ရက်ထိ ဆက်လက်လေ့လာသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မိုးစက်(ဘိုကလေး)