မန္တလေး ၂၈ မတ်

 

မန္တလေးမြို့ရှိ ဈေးချိုတော်အပါအဝင် ဈေးများအားလုံးရှိ အစားအသောက်နှင့်ဆေးဝါးဆိုင်များမှ လွဲပြီး ကျန်ဈေးဆိုင်များအားလုံး ပိတ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှ သိရသည်။

 

ဈေးများရှိ စားသောက်ကုန်နှင့် ဆေးဝါးဆိုင်းတွေကို ချန်ပြီး အကုန် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဈေးနှင့်သားသတ်ဌာန ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။ အခြေခံစားသောက်ကုန်နှင့် ဆေးဆိုင်များကိုတော့ ဈေးရုံ၏အပြင်ဘက်တန်းတွင် ရောင်းချနိုင်ရန် ပြင်ဆင်ပေးသွားမည်ဟု သိရသည်။

 

မန္တလေးမှာလည်း ရောဂါပိုးရှိသူ တစ်ယောက်တွေ့တယ်၊အခု ပြည်တွင်းကလည်း တစ်ယောက် တွေ့တယ်ဆိုတော့ လူစုလူဝေးများရင် ရောဂါကူးစက်နိုင်ခြေများတာကြောင့် ဈေးချိုတော် ပိတ်လိုက် တာပါဟု မန္တလေးဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူးဦးမင်းမင်းက ပြောသည်။

 

ဈေးချိုတော်နှင့် ဈေးများအားလုံးကို မနက်ဖြန်တွင် စတင်ပိတ်သိမ်းသွားမည်ဖြစ်ပြီး အထက် ညွှန်ကြားချက်ရမှသာ ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

 

ဖြိုးအိ