မန္တလေး ၁ ဒီဇင်ဘာ
ကွန်ပျူတာ WebSystem သင်တန်းဖွင့်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမှာစကား ပြောကြားပြီး စာရေးဆရာမ အေးအေးခိုင်(ပညာရေး)က သင်တန်းစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို University of Technology Sydney Australia က သင်တန်းနည်းပြ ကိုက္ကုန္ဒုသိရိန်မှ လာရောက်ကာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
သင်တန်းကာလမှာ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၉-၇၉၇၁၅၅၈၀၇ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ဆရာမများ၊ သင်တန်းနည်းပြနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)