မန္တလေး ၁၀ ဇွန်
‘’Media and infirmatoin Literacy Course’’ သင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့်မြဝတီမင်းကြီးလမ်းဒေါင့်၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဇွန်လ ၁၃ ရက် မှ ဇွန်လ ၁၆ ရက်ထိ နေ့စဉ် နံနက် ၉ နာရီ ခွဲ မှ ညနေ ၄ နာရီထိ အခမဲ့ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်သင်ကြားနိုင်ကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း ကပြောကြားသည်။
အဆိုပါသင်တန်းကို Facebook, Myanmar Book Aid and Preservation Foundation(MBAPS) , Intensity Community Center နှင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သွားမည့် အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၄၀)ထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ICT နှင့် Cloud computing မိတ်ဆက်၊ E.mail ကို ကျွမ်းကျင်စွာအသုံးပြုခြင်း၊ Maps, navigate and explore၊ အင်တာနက်ပေါ်၌ လုံခြုံမှုနှင့်စဉ်းစားတွေးခေါ်ဆင်ခြင်မှု၊ Cloud ပေါ်တွင် File များသိမ်းဆည်းခြင်းနှင့်မျှဝေခြင်း၊ Calendar, Online appointments and Schedules, Websearch နှင့် Online content creating အစရှိသော ဘာသာရပ်များအား သင်တန်းနည်းပြများက အခမဲ့လာရောက်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
’Media and information Literacy Course’’ သင်တန်းသို့ မည်သူမဆိုအခမဲ့လာရောက်သင် ကြားနိုင်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖုန်း၊ ဝ၂-၈၀၉၈၈၊ ဝ၉-၇၉၇၁၅၅၈၀၇နှင့် ဝ၉-၄၀၂၆၃၃၁၆၂ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း Intensity Community Center မှ သင်တန်းနည်းပြ ကိုအောင်သန်းထွဋ် က ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)