လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူက အဖွင့်အမှာစကားနှင့် သင်တန်းရည်ရွယ်ချက်ကို ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၅၀ ဦးဖြင့် ဒီဇင်ဘာ ၁၇ ရက် မှ ၂၁ ရက်ထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းဖွင့်ပွဲသို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ မန္တလးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊သင်တန်းသား/သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)