မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စောစောရှာ အက်ပလီကေးရှင်း အသုံးပြုပုံအား ရှင်းလင်းပြသ

မန္တလေး မေ

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စောစောရှာ အက်ပလီကေးရှင်း အသုံးပြုပုံအား ရှင်းလင်းပြသခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သော စာဖတ်သူများအား စောစောရှာအက်ပလီကေးရှင်း အသုံးပြုပုံနှင့် အကျိုးကျေးဇူးများအား ကွန်ပျူတာသင်တန်းနည်းပြ ဦးဘုန်းမြတ်ဇော်က ရှင်းလင်းပြောကြားကာ လက်တွေ့ပြသသည်။

 

စောစောရှာအက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် မိမိအနီးအနားတွင် COVID-19 ရောဂါဖြစ်ပွားသူ ရှိ/မရှိ သိရှိနိုင်ပြီး မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုနှင့် မိမိနိုင်ငံကို ကာကွယ်နိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)