မန္တလေး  ၂   အောက်တိုဘာ

မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မန္တလေးခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြီးကြပ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှ မီတာဖတ်စာရေးများက လစဉ် လဆန်း ၁ ရက်မှ ၅ ရက်အတွင်း ရပ်ကွက်များ၌ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း မီတာယူနစ်များဖတ်၍ စာရင်းသွင်းကြရသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်များတွင် Stay at Home များသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ပါးစေရေးဆောင်ရွက်လျက်ရှိသည်။ နေအိမ်များနှင့် မီတာဖတ်စာရေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ကူးစက်မှုလျော့ပါးစေရေးအတွက် နေအိမ်များ တွင် တပ်ဆင်ထားသော မီတာရှိယူနစ်များနှင့် ဓာတ်အားခပေးဆောင်ထားသော ပြေစာတို့ကို ဓာတ်ပုံရိုက်ကူပြီး မြို့နယ်များရှိ Viber ဖုန်းနံပါတ်များသို့ လဆန်း ၁ ရက် မှ ၅ ရက်အတွင်း မွန်းလွဲ ၂ နာရီနောက်ဆုံးထား၍ အောင်မြေသာစံမြို့နယ်ရုံး Viber ဖုန်း ၀၉-၄၀၂၇၀၆၉၁၀၊ ချမ်းအေးသာစံမြို့နယ် ဖုန်း ၀၉-၄၀၁၅၇၀၅၈၁၊ မဟာအောင်မြေမြို့နယ် ဖုန်း ၀၉-၄၀၂၅၇၅၂၈၃၊ ချမ်းမြသာစည်မြို့နယ် ဖုန်း ၀၉-၀၉၄၀၀၄၃၁၁၁၈၊ ပြည်ကြီးတံခွန်မြို့နယ် ဖုန်း ၀၉-၂၀၃၆၆၉၂ ၊ အမရပူရမြို့နယ် ဖုန်း ၀၉-၄၄၄၀၁၂၄၈၄ နှင့် ပုသိမ်ကြီးမြို့နယ် ဖုန်း ၀၉-၄၀၃၇၂၁၁၇၉ သို့ ဆက်သွယ်ပေးပို့နိုင်သည်။

မောင်ပြည်သူ(မန္တလေး)