မန္တလေး  ၂၄  ဧပြီ

 

မန္တလေးခရိုင်အတွင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများတွင် မီတာခပေးဆောင်သည့် နောက်ဆုံး သတ်မှတ်ရက်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး သွားလာမှုအဆင်ပြေစေရေးအတွက် မန္တလေးခရိုင် အတွင်းမြို့နယ်များတွင် ကောင်တာခွဲများအား ဧပြီ ၂၄ ရက်မှ စတင်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

ယခင်က မန္တလေး ခရိုင်အတွင်း ငွေကောက်ကောင်တာ ၂၃ ခု ဖွင့်လှစ်ခဲ့ရာမှ ယခုကာလအတွင်း ကောင်တာ ၇ ခု ထပ်မံတိုးချဲ့ကာ စုစုပေါင်း ၃၀ ဖွင့်လှစ်ပေးထားသည်။

 

ပြည်သူများ အဆင်ပြေစေရေးအတွက် ပုဂ္ဂလိကဘဏ်(၆)ခုနှင့် ချိတ်ဆက်၍ Online billing စနစ်ဖြင့်အပြင် ထွက်စရာမလိုဘဲ နေအိမ်မှ မိုဘိုင်းဖုန်းဖြင့် ပေးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ဓာတ်အားခပေးသွင်းရက်များအား နောက်ဆုပ်ပေးကာ ရက်လွန်ကြေး ကင်းလွတ်ခွင့်ပြုပြီး လူစုလူဝေးမဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ပေးထားသည်။

 

ပြည်ကြီးတံခွန်မြို့နယ်တွင် စက်မှုဇုန်(၂)ခွဲရုံ၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ သင်ပန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်တွင်အထက(၁၂)၊ အထက(၂၃)၊ မဟာအောင်မြေမြို့ နယ်တွင် ၇၆ ဓာတ်အားခွဲရုံ၊ မဟာမြိုင်(၁)ရပ်ကွက် ၄၁ လမ်းနှင့် ၆၈ လမ်းထောင့် ဓမ္မပါလဓမ္မာရုံ၊ ရဲမွန်တောင် ရပ်ကွက် ၃၆ လမ်းနှင့် ၅၈ လမ်းထောင့်ရှိ ဓမ္မပါလ ဓမ္မာရုံ၊ အောင်မြေသာစံမြို့နယ်တွင် ၆၆ လမ်းတိုက်တော် ဓာတ်အားခွဲရုံ၊ ညောင်ကွဲဓာတ် အားခွဲရုံ၊ အောင်မြေသာစံ ရပ်ကွက် ၁၉ လမ်း၊ ၈၆ လမ်း နှင့် ၈၇ လမ်းကြား ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ငွေသွင်းကောင်းတာများ တိုးချဲ့၍ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)