မန္တလေး ၁၅ နိုဝင်ဘာ

 

ကိုရီးယားနိုင်ငံမှ Human in Love (NGO) အဖွဲ့သည် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၃၇၅) ကျောင်းသို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ပုံပြင် စာအုပ် (၄၅၀ဝ) ကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့က လူသားတွေထဲက လူသားချင်း ဆောင်ပုဒ်ဖြင့် အစီစဉ်များစွာကို ဆောင်ရွက်လျက်ရှိပါတယ်။ ပုံပြင်စာအုပ်တွေ လှူဒါန်းခြင်းကလည်း ပညာရေးမြှင့်တင်ဖို့ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ အစီစဉ်တွေထဲက တစ်ခုပါ။ နောက်ထပ် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံကို ကူညီပေးဖို့ နောက်ထပ်အစီစဉ်တွေ ရေးဆွဲဖို့ရှိပါတယ်။”  ဟု Human in Love (NGO) အဖွဲ့ Planning Team မန်နေဂျာ Le Shin Ku မှ ပြောသည်။

 

ကျောင်းများသို့သွားကာ စာအုပ်လှူဒါန်းခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများအတူ ပုံပြင်များပြောပြခြင်း၊ ကိုရီးယားရိုးရာ ကဗျာများရွတ်ဖတ်ခြင်း၊ တူရိယာများ တီးမှုတ်ဖျော်ဖြေခြင်းနှင့် တေးသီချင်းများ သီဆိုကပြခြင်း စသည့် အစီစဉ်များ ပြုလုပ်ပေးကာ ၂၀၁၈ခုနှစ်တွင် ရန်ကုန်ရှိ မူလတန်းကျောင်း (၃၃၀)ကျောင်းတွင်လည်း ပုံပြင်စာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)