မန္တလေး ၂၀  သြဂုတ် 


LATTER-DAY SAINT CHARITIES (LDSC)နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)မှ မန္တလေး လူငယ် သင်တန်းကျောင်းသို့ ဆောက်လုပ်လှူဒါန်းသော ရေနှင့်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ပြီးစီး၍ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျင်းပသည်။


အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် LATTER-DAY SAINT CHARITIES(LDSC) မှ Project Manager Mr.Rudell Scott Willey က လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် အလှူရှင်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။


LATTER-DAY SAINT CHARITIES (LDSC)နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)မှ ဆောက်လုပ်လှူဒါန်းမှု များမှာရေဂါလန် (၈၀ဝ)ဆံ့ရေစင်တစ်ခု၊ မိလ္လာကန် အကြီးတစ်ကန်၊ရေကန်(၃)ကန်၏ အမိုး(၃)ခု၊ ရေမော်တာအိမ်တစ်ခုနှင့် ရေချိုးခန်း၊ အိမ်သာများအဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများဖြစ်ပြီး ထိုလုပ်ငန်းများပြီးစီးသွားပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ လွှဲပြောင်းပေးအပ်ခြင်း
ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)