မန္တလေး ဒီဇင်ဘာ ၁
မန္တလေးလူငယ်သင်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး ခြင်းကို နိုဝင်ဘာ၃၀ရက် နံနက်၉နာရီခွဲက အောင်မြေသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မန္တလေးလူငယ်သင်တန်းကျောင်းရှိ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား ကျောင်းသားလူငယ်(၂)ဦး၊ အသက်(၁၈)နှစ်အထက် ကျောင်းသားလူငယ်(၉)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)