ပုဂံ အောက်တိုဘာ ၆
မန္တလေးမြို့၊ အလင်းစေတမန်သွေးလှူတော်နှင့် အထွေထွေပရဟိတအသင်းက ပုဂံညောင်ဦးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ပုဂံမြို့ရှိ ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းနာယက ဆရာတော်ထံ ဒုတိယအကြိမ်မြောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထောက်ပံ့လှူဒါန်းရာတွင် Dead Body Bag အခု ၁၀၀၊ N-95 Mask 3M ငါးဘူး၊ Surgical gowns ၁၀ ထည်၊ Surgical gloves up အစုံ ၁၀၀၊ KF 95 Mask 3M ၂၅ ခု ၊ Surgical Mask သုံးလွှာ အခု ၅၀၀၊ PPE 3M ၁၀ ထည်၊ O2 Mask Pipe ၁၀ စုံ ၊ Face Cover အစုံ ၅၀၊ KN 95 Mask အခု ၅၀၊ Surgical Glass နှစ်လက်တို့အား ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်း နာယကဆရာတော် ဦးသာဂရထံ လှူဒါန်းခဲ့သည်။
ရဲဝင်းနိုင်(ညောင်ဦး)