မန္တလေး  ၂၁   ဇွန်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်အစောပိုင်းတွင် အလှူရှင် (မန္တလေးမြို့နေ) သူရိန်ကျော်စိုးဝင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနှင့် သူရိန်ကျော်စိုးဝင်းကုမ္ပဏီ တို့၏ပိုင်ရှင် ဦးကျော်ဝင်းနှင့် ဒေါ်ခင်ထွေးမိသားစုမှ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ ကျပ်သန်း (၁,၂၀၀) ခန့်အကုန်ကျခံ၍ ဆောက်လုပ်လှူဒါန်းမည့် အသည်းနှင့်သည်းခြေလမ်းကြောင်းဆိုင်ရာဌာန (၈)ထပ် အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ အလှူရှင် ဦးကျော်ဝင်းနှင့် ဒေါ်ခင်ထွေးမိသားစု နှင့် တာဝန်ရှိသူများက အသည်းနှင့်သည်းခြေလမ်းကြောင်း ဆိုင်ရာဌာန (၈)ထပ် အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာတွင် မင်္ဂလာ ပန္နက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန