မန္တလေး ၁၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၈ ရက် နံနက် ၈ နာရီက အဆိုပါရုံးသစ်တည်ရှိရာ ၁၀၄ လမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားကာ အဆောက်အဉီသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲသည်။
ဆက်လက်၍ အဆောက်အဉီသစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးထွန်းထွန်းအောင်နှင့် အလှူရှင် ဦးကျော်ဝေ (Property International Co.Ltd) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အဆောက်အဉီသစ်ဆိုင်းဘုတ်ကို အမွှေးနံ့သာများ ပက်ဖျန်းကြကာ ရုံးသစ်အဆောက်အဉီကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးကို ယခင်က ၇၃ လမ်း မနော်ဟရီလမ်းနှင့် ခိုင်ရွှေဝါလမ်းတွင် ဖွင့်လှစ်ထားရှိခဲ့ရာမှ မြို့ပြစီမံကိန်း တိုးချဲ့အကောင်အထည်ဖော်ရာတွင် လမ်းဧရိယာနှင့် လွတ်ကင်းမှု မရှိသည့်အတွက် ချမ်းမြသာစည်မြို့နယ် ၁၀၄ လမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားတွင် အလျားပေ ၃၀၊ အနံပေ ၅၀ ရှိ အာစီ (၂)ထပ် အဆောက်အဉီသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)