မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၃၀ ခန့် ဆုံးရှုံး

မန္တလေး ၂၇ ဧပြီ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွား ဂုံးကျော်တောင်ဘက်တွင် ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၃၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ထမင်းအိုးနှင့် ဟင်းအိုးတည်ထားသည့် ပလပ်ပေါက်မှ အပူလွန်ကဲပြီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

အိမို့မို့ခိုင်