မန္တလေး ၂၁ ဒီဇင်ဘာ
မန္တလေးမြို့ရှိ ပြည်သူများအနေဖြင့် အောင်မြေသာစံမြို့နယ်ရှိ ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ကြရန် ကာလာကြိုးများစားခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်းများချိတ်ဆွဲ၍ အသိပေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီမှစတင်၍ မြောက်ဘက် ကျုံးဘေး(၁၂)လမ်းတစ်လျှောက်နှင့် အရှေ့ဘက် ကျုံးဘေး(၆၆)လမ်း တစ်လျှောက်တို့တွင် ဆောင်ရွက်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးနှင့် ကျုံးဘေးတွင် လူစုလူဝေးများ မဖြစ်စေရေးအတွက် ရည်ရွယ်လျက် ကာလာကြိုးများဖြင့် တားဆီးခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်း အခုရေ၄၀ ကပ်ခြင်းကို အောင်မြေ သာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင် ဦးဆောင်သည့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဇော်လင်းဦး(အောင်စံ)


