မန္တလေး ၁၄ အောက်တိုဘာ

မန္တလေးမြို့တွင် သီတင်းကျွတ် လပြည့်နေ့သာမက လပြည့်ကျော် ရက်နေ့တွင်လည်း တန်ခိုးကြီး ဘုရားစေတီများနှင့် မန္တလေးတောင်ပေါ်၊ မဟာမုနိဘုရားကြီးတို့တွင် ဆီမီးပူဇော်သူများဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိဘုရားကြီးတွင် ယနေ့ သီတင်းကျွတ်လပြည့်ကျော် ရက်၌ တနင်္ဂနွေနေ့ ရင်ပြင်သန့်ရှင်းရေးအသင်းက ဆီမီး(၁၀၀၀၀) ပူဇော်ခြင်းနှင့် အခြားအလှူရှင်များအသင်းအဖွဲ့များကလည်း မိမိတို့ အစီအစဉ်များဖြင့် ဆီမီးများ ပူဇော်လျက်ရှိသောကြောင့် စည်ကားလျက်ရှိသည်။

၆+

"ကျွန်တော်တို့အသင်းအနေနဲ့ စုပေါင်းဆီမီးပူဇော်လာတာ (၃၄)ကြိမ်ရှိပါပြီး၊ ဆုပေါင်းပြီး ပူဇော်နိုင်အောင် အသင်းဝင်တွေ အနေနဲ့ ကိုယ်တိုင်လည်းလှူသလို နီးစပ်ရာသူတွေဆီကလည်း အလှူခံကြရပါတယ်။ အသင်းဝင် ၅၀၀ ကျော်နဲ့ လုပ်တာပါ။ တခြားနေ့အသင်းတွေလည်း သူတို့အစီအစဉ်နဲ့သူတို့ ဆီမီးပူဇော်ကြပါတယ်” ဟု တနင်္ဂနွေနေ့ ရင်ပြင်တော် သန့်ရှင်းရေး အသင်းဝင်တစ်ဦးဖြစ်သည့် ကိုထွန်းနိုင်က ပြောသည်။

၆၆+

ယခုနှစ် သီတင်းကျွတ်ကာလသည် အစိုးရရုံးပိတ်ရက်ရှည်သဖြင့် သီတင်းကျွတ်လပြည့်ကျော် ()ရက်နေ့  တိုင်အောင် မန္တလေးမြို့နှင့် အနီးအနားရှိ ဘုရားကျောင်းကန် စေတီဘုထိုးများ၊ အားကစားကွင်းများအနားယူ အပန်းဖြေနေရာ များတွင် ဘုရားဖူးဧည့်သည်များ၊ အပန်းဖြေ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)