မန္တလေး ၁၉ ဖေဖော်ဝါရီ
ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်း(မန္တလေး)က ကြီးမှူး၍ အဘိဓမ္မာ ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် သင်တန်းများကို ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း မွန်းတည့်ချိန်မှညနေ ၅နာရီခွဲထိ ချမ်းအေးသာစံမြို့နယ်၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြား၊ ရှင်ဘို့မယ် ဘုရားဝင်း ဓမ္မာရုံ၌ ကုသိုလ်ယူ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ သင်တန်းများတွင် ဝါရင့် ကထိက၊လက်ထောက်ကထိကဆရာကြီး ဆရာမကြီးများ ကိုယ်တိုင် မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်၏ နည်းစနစ်အတိုင်း ရှင်းလင်းလွယ်ကူစွာ သိရှိနားလည် အောင် သင်ကြားပို့ချလျက်ရှိသည်။
သင်တန်းတက်ရောက် လိုသူများအနေဖြင့် ဖုန်း-ဝ၉ ၂၀ဝ၇၅၇၂ ၊ ဝ၉ ၇၉၄၅၅၉၂၀၂ တို့သို့ ဆက်သွယ် တက်ရောက်နိုင်ကြောင်း သိရသည်။
မန်းလှဘော်(စိတ်ပညာ)


