မန္တလေး  ၁၂   နိုဝင်ဘာ

 

ကိုဗစ်ကာလအတွင်း Stay at home မြို့နယ်ရှိ အခြေခံလူတန်းစားများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄ သောင်းစီ စတင်ထောက်ပံ့ပေးနေကြောင်း ချမ်းမြသာစည်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးထံမှ သိရသည်။

 

နိုင်ငံတော်အစိုးရက covid ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများကို တစ်အိမ်လျှင် ငွေကျပ် ၂ သောင်းစီ  သုံးကြိမ်ထောက်ပံ့ပေးခဲ့ပြီး စတုတ္တကြိမ်မြောက် ထောက်ပံ့ရာမှာ Stay at Home  ဧရိယာအတွင်းရှိနေအိမ်များကို ကျပ် ၄ သောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ မန္တလေးမြို့အောင်ပင်လယ်ရက်ကွက်က ဝင်ငွေနည်းသည့် အိမ်ထောင်စုပေါင်း ၂၅၀ဝ ကျော်ကို စတင်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်မြို့နယ်များကိုလဲ သက်ဆိုင်ရာ ရပ်ကြေးဥက္ကဋ္ဌ၏ သတ်မှတ်ထားသည့် စရင်းအတိုင်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

" စတေးဟုမ်း သတ်မှတ်ခြင်းခံရတဲ့မြို့နယ်တွေကို ၄ သောင်းပေးတာ၊ စတေးဟုမ်းမြို့နယ်မဟုတ်တာ တွေကိုတော့ ၂ သောင်းပေါ့၊ အခုပြသနာလေးတွေတွေ့နေရတာကတော့ ဟိုမြို့နယ်ကျတော့ ၄ သောင်း၊ ငါတို့မြို့နယ်ကျတော့ ၂ သောင်းလို့ ပေးတယ်ဆိုပြီးဖြစ်ကျတာပေါ့၊ အစိုးရကလည်း တာရားဝင်ကြေညာ ထားပါတယ်၊ ဒါကိုသတင်းတွေကို မတွေ့လိုက်မကြည့်လိုက်ရတော့ လွဲချော်မှုတွေဖြစ်ကြ တယ်ထင်ပါ တယ်"ဟု ချမ်းမြသာစည် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

 

မန္တလေးမြို့က Stay home မြို့နယ်များဖြစ်ကျသည့် ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အမရပူရ မြို့နယ်ရှိ ဝင်ငွေနည်းအခြေခံလူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀ဝ၀ဝ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား