မန္တလေး   ၈   ဖေဖော်ဝါရီ 

 

မန္တလေးမြို့အခြေစိုက် လီဆူတိုင်းရင်းသားများ၏ လီဆူ (ခေါရှိ ) နှစ်သစ်ကူးမိတ်ဆုံညစာစားပွဲကို မန္တလေးမြို့၊ ၃၅လမ်းရှိ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်းတွင် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေးမြို့အခြေစိုက် လီဆူလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရီလီမီ နှင့် လီဆူစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌဦးဂွါရှိယ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်းက မိတ်ဆက်စကား ပြောကြားသည်။ 

 

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် လီဆူရိုးရာအကနှင့် တိုင်းရင်းသားလူမျိုးစုများအဖွဲ့၏ ရိုးရာအက အလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ လီဆူတိုင်းရင်းသားများက မိတ်ဆုံညစာဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

image-0-02-06-