မန္တလေး၊ ၈ ဒီဇင်ဘာ

 

မန္တလေးမြို့အတွင်းရှိ မှီခိုရာမဲ့ အဘိုး၊ အဘွားများအား စောင်နှင့် အစားအစာများ လှူဒါန်းပေးနေကြောင်း မနောကြာဖြူ ပရဟိတအဖွဲ့မှ သိရသည်။

 

ယခုကဲ့သို့လှူဒါန်းခြင်းကို ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသက် ၇၀ အထက် မှီခိုရာမဲ့ အဘိုး၊ အဘွား ၂၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

"အဘိုး အဘွားတွေက နွမ်းပါးပြီးမှီခိုရာမဲ့တွေပါ။ အခုလို ကိုဗစ်ကာလအတွင်း ခက်ခဲနေချိန်မှာ ဒီလိုလှူ တော့ ပိုပြီးဝမ်းသာနေကြတယ်"ဟု ကိုစိုး (မနောကြာဖြူ)က ပြောသည်။ 

 

အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် တစ်သောင်းကျော် တန်ဖိုးရှိသည့် စောင်၊ အားဆေးနှင့် အာဟာရများလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုဗစ်ကာလအတွင်း လိုအပ်သည့်နေရာများအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ မှီခိုရာမဲ့ အဘိုး အဘွားများအတွက် လှူဒါန်းလိုပါက အိမ်တိုင်ရာရောက် အလှူငွေ ကောက်ခံပေးနေကြောင်း၊ ဖုန်းနံပါတ် ၀၉၂၀၀၆၄၂၃၊ ၀၉၄၃၀၉၉၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မေသက်ထား

Photo- ကိုစိုး (မနောကြာဖြူ)