မန္တလေး ၆ သြဂုတ်
မန္တလေးမြို့တွင် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသည် ဝင်ရောက်မှု တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(အထက်မြန်မာပြည်)မှ သိရသည်။
မန္တလေးမြို့တွင် ပြည်တွင်း ပြည်ပ ခရီးသွား ဝင်ရောက်မှု ၂၀၁၆ခုနှစ် တွင် ၄၃၁,ဝ၁၇ ဦး၊၂၀၁၇ခုနှစ် တွင်၅၁၄,၉၉၁ ဦး၊ ၂၀၁၈ခုနှစ် တွင်၅၆၀,၅၆၅ ဦး ရှိကြောင်း သိရသည်။
" မန္တလေး တိုင်းရဲ့အနေအထားက တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်းထိဆက် တာကြောင့်လည်းပါမယ်။ ပြီးတော့ သူတို့ကြိုက်တဲ့ အလေ့အထလေးတွေရှိတာကြောင့်လည်းပါမယ်။ စီးပွားရေးခရီးသွားလာရေးအစီအစဉ်တွေ လည်းများတော့ သူတို့အလုပ်နဲ့နွယ်တာလေးတွေလည်းရှိတာကြောင့်ပါ " ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယု ကပြောသည်။
ပြည်ပခရီးသွားဧည့်သည်များအနက် တရုတ်နိုင်ငံသား ဧည့်သည် က အများဆုံး ဖြစ်ပြီး ဒုတိယအများဆုံးမှာ ပြင်သစ်နိုင်ငံသား ခရီးသည် ဖြစ်ကြောင်းသိရသည်။
ခရီးသွား ဧည့်သည် ဝင်ရောက်မှုမြင့်တင်နိုင်ရန် ယဉ်ကျေးမှုအမွေအနှစ်များ အပြင် အစားအသောက် ၊ ဖက်ရှင် Fashion ၊ ဝန်ဆောင်မှုလုပ်ငန်းများ ၊ ဗီဇာ ဖြေလျှော့ပေးမှု များ ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့ပတ်တတ်တဲ့ အကြောင်းအများ သင်ကြားခြင်းလုပ်ငန်းများ စသဖြင့် ခရီးသွား စွဲဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် ခရီးသွား ဧည့်သည်များ အတွက် သတင်းအချက်အလက်များ ရရှိနိုင်ရန် မန္တလေး ဘူတာကြီး၊ ၆၈လမ်း( ၂၆×၂၇) လမ်းကြား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) ရုံးနှင့် မန္တလေး လေဆိပ်တွင် Information Counter များထားရှိပေးထားသည်။
အိမို့မို့ခိုင်