မန္တလေး မေ ၅

 

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူများအား ဂုဏ်ပြုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ၊ စံပြမီးသတ်စခန်းဆုရရှိသည့် မန္တလေး - ရန်ကုန် အမြန်လမ်းပေါ်ရှိ စကားအင်း မီးသတ်စခန်း(အမြန်လမ်း)နှင့် သီးကုန်း(အမြန်လမ်း) မီးသတ်စခန်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ၊ ဌာနတွင်းသင်တန်းများနှင့် ပြင်ပဌာနများတွင် ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများအား ဂုဏ်ပြုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့၊ တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်နှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကို ဗီဒီယိုကလစ်ဖြင့် ကြည့်ရှုပြီး ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ၊ Report 191 Mobile Application ဆောင်ရွက်မှုများနှင့် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်