မန္တလေး ၂၄ ဇွန်

တယ်လီနောမြန်မာနှင့် Oway Ride တို့ ပူးပေါင်းပြီး မန္တလေးမြို့ရှိ မီနီအိုးဝေ စီးနင်းသူများကို ဝိုင်ဖိုင်ဖြင့် အင်တာနက် ၁၅ မိနစ်စာ အခမဲ့ အသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

601

 

'ဒီပူးပေါင်းဆောင်ရွက်မှုက စီးနင်းသူများအတွက်သာမက အိုးဝေမောင်းသူတွေ အနေနဲ့လည်း ခရီးသည်တွေအတွက် ဖုန်းဘေလ်နှင့် အင်တာနက် ဒေတာတွေကို ဖြည့်သွင်းပေးတာကနေ အပိုဝင်ငွေတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်' ဟု တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးက ပြောသည်။

မီနီအိုးဝေစီးနင်းသူများ အနေနှင့် ခရီးစဉ်များအား Oway Ride အက်ပလီကေးရှင်းမှ တစ်ဆင့်ခရီးစဉ်အား အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် အင်တာနက် ၁၅ မိနစ်စာ အသုံးပြုခွင့်ရှိမှာဖြစ်သည်။ ယင်းအစီအစဉ်ကို မန္တလေးမြို့အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလှိုင် (ပြန်/ဆက်)