မန္တလေးမြို့ရှိ မြို့နယ်သုံးခုတွင် မူးယစ်ဆေးဝါးအသိပညာပေး ကမ်းပိန်းပြုလုပ်မည်

မန္တလေး  ၂၂ ဇန်နဝါရီ

 

မန္တလေးမြို့တွင် လူငယ်များ မူးယစ်ဆေးဝါးအလွယ်တကူ ရရှိနိုင်ခြေရှိသည့် မြို့နယ်သုံးခုတွင် လူငယ်များ ဦးဆောင်သည့် မူးယစ်ဆေးဝါး အသိပညာပေး ကမ်ပိန်းပြုလုပ်မည်ဟု မျိုးဆက်သစ်လူငယ်အဖွဲ့မှ ကိုသန့်စင်မောင်မှ ပြောသည်။

 

ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးနဲ့ပတ်သက်သည့် အသိပညာပေး ကမ်ပိန်းများကို ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက် ၊ ၂၆ ရက်တွင် ပြုလုပ်မည်ဟုသိရသည်။

 

'ပြီးခဲ့တဲ့နှစ်က ပညာပေးခဲ့တဲ့အတွေ့အကြုံရော ဘယ်မြို့နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါးအလွယ်တကူ ရရှိနိုင်ခြေများသလဲ ၊ မျာနိုင်တဲ့မြို့နယ်တွေကို အခုလို အသိပညာပေးတွေပြုလုပ်မှာပါ'ဟု ရတနာပုံတက္ကသိုလ် ၊ တတိယနှစ်သင်္ချာဘာသာရပ်တွင် ပညာသင်ကြားနေတဲ့ ကိုသန့်စင်မောင်က ပြောသည်။

 

ယခုလို ကမ်ပိမ်းကို အခြေခံပညာကျောင်းများရှိ အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား လူငယ်များအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးပြုလုပ်မည် ဖြစ်သည်။

 

"လူငယ်အချင်းချင်း အသိပညာပေးတယ်ဆိုတာ အင်မတန်မှ မှန်ကန်တဲ့ လုပ်ရပ်ဖြး်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးမှပြောသည်။

 

မူယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းအား ဆယ်ကျော်သက်လူငယ်များ ဖွံဖြိုးရေးအဖွဲ့(AHEAD)၊ ဆယ်ကျော်သက်ကွန်ရက်၊ မျိုးဆက်သစ်လူငယ်အဖွဲ့တို့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

 

အဆိုပါ မူးယစ်ဆေးဝါး အသိပညာပေးကမ်းပိန်းများကို မန္တလေးမြို့တွင်သာမက တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန်မြို့တို့တွင်လည်း တစ်ပြိုင်နက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်