မန္တလေး ၂၂ ဇွန်
မန္တလေးမြို့ရှိ သဘင်ပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာနှင့် ဆိုင်းပညာရှင်များအား ကိုဗစ်ကာလ ထောက်ပံ့ငွေများအား သက်ဆိုင်ရာမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်ကာလ ထောက်ပံ့ငွေအဖြစ် မန္တလေးမြို့ရှိ သဘင် ပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာနှင့် ဆိုင်းပညာရှင်များအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲနှုန်းဖြင့် အိမ်တိုင်ရာ ရောက်သွားရောက်ထောက်ပံ့ပေးခဲ့သည်။
“ကျွန်တော်က အသက်(၆၉)နှစ်ရှိပါပြီ၊ ဒီလောကမှာ ကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးအပိုင်းက ပုဂ္ဂိုလ်တွေက ထောက်ပံ့ပေးတာ တစ်ခါမှ မရခဲ့ဖူးပါဘူး၊ ခုလို လာရောက် ထောက်ပံ့ပေးတဲ့အတွက် အရမ်းပဲဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပန်းချီအစည်းအရုံး ဒုတိယဉက္ကဋ္ဌ ပန်းချီ ဆရာကြီး ဦးလှထွန်း က ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သဘင်ပညာရှင် ဉီးရေ (၅၅၃၀)၊ စာရေးဆရာ(၇၅၂)ဦး၊ ပန်းချီဆရာ (၃၇၂)ဦး၊ ကာတွန်း ဆရာ(၆၃)ဦးနှင့်ဆိုင်းပညာရှင်(၈၆၃)ဦး စုစုပေါင်းဉီးရေ(၇၅၈၀) အား ကိုဗစ်ကာလ ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


