မန္တလေး - ၁၉ စက်တင်ဘာ
မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၄၀)သို့ ၄၃ လက်မ တီဗွီအလုံး(၄၀) နှင့်စကိုင်းနက် အစုံ (၄၀) ဆက်ကပ်လှုဒါန်းခြင်း အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် Yangon Noble Language Centre တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိပေါ်တော်မူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
" ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် မှီတင်းနေထိုင် ပညာသင်ကြားနေကြသော ကလေးများ ပြင်ပမှသတင်းအချက်များကိုပိုမိုသိရှိနားလည်စေနိုင်ရန်ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ''ဟု Yunnan International Non-Government Organization Society (YINGOS) မှ Ms. Liu Jia က ပြောသည်။
မန္တလေးမြို့ အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းလျှင် TV တစ်လုံး လှူဒါန်းခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ၌ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန စသည့် သက်ဆိုင်ရာများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၀ဝ ကျော်ရှိကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၏ အားပေးထောက်ခံမှုများကြောင့် ၂၀၁၇ ခုနှစ်မှစပြီး YINGOS-Yangon Noble Language Center ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်းလျှင် TVတစ်လုံး လှူဒါန်းခြင်း အစီအစဉ်ကို သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း၂၃၄ကျောင်း ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်


