မန္တလေး ၁၆ အောက်တိုဘာ
မန္တလေးမြို့တော်အတွက် ဗျူဟာမြောက်ဖြစ်လာမည့် ရေနီမြောင်းလမ်းအသစ် ဖွင့်လစ်နိုင်ရန် stabilized soil ခင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးမန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးရာ လမ်းတံတားဌာနမှူး ဦးသန်းထိုက်ဦးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က လမ်းသားအကျယ်ပေ၅၀l အရှည်ပေ၄၀ဝ၀ကို stabilized soil ခင်းခြင်း လုပ်ငန်းများ ပြီးစီးမှုနှင့် နိုင်လွန်ကတ္တရာ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့တော်ဝန်က လမ်းသားအလယ်တွင် ရောက်ရှိနေသည့်ဓါတ်တိုင်များ၊ ဆက်သွယ်ရေးတိုင်များနှင့် ရေဖြန့်ဖြူးရေးပိုက်လိုင်းများကို ဖယ်ရှားရှင်းလင်းရေးနှင့် လမ်းအသစ်ဖြစ်သည့်အတွက် Subgrade ၏ Compaction ကောင်းအောင် ဆောင်ရွက်သွားကြရေး ဖြည့်ဆည်းမှာကြားသည်။
"ရေမြောင်းဟောင်းနေရာဖြစ်လို့ အောက်ခြေနွံမြေဟောင်းတွေကိုဖယ်ထုတ်ပြီး မန္တလေးမှာ ဈေးသက်သက်သာသာနဲ့ များများစားစားအလွယ်တကူဝယ်လို့ရတဲ့ ကျောက်လုပ်ငန်း တွေရဲ့ဘေးထွက်ပစ္စည်း ကျောက်ပျက်တွေနဲ့ မြေသားကျစ်လျစ်ခိုင်မာမှူရှိအောင် အထပ်ထပ် ကြိတ်ဆောင်ရွက်ရတာပါ"ဟုမြို့တော်ဝန်ကပြောသည်။
“ Stabilized soil ခင်းပြီးရင် နိုင်လွန် ၂လွှာတင်ပြီးလမ်းရဲ့တစ်ဖက်တစ်ချက်မှာ နှစ်ပေ precast မြောင်းတွေကို မြောင်းဖုံးအတူ တည်ဆောက်သွားမှာပါl၄ပေအကျယ် လူသွားပလက်ဖောင်းပါ ပါပါတယ်။ ၉မီတာအမြင့်လမ်းမီးတိုင်တွေလည်း စီစဉ်ထားပါတယ်lလမ်းအသစ် ဖြစ်လို့ ခေတ်မှီလမ်းတွေမှာရှိရမယ့် အဂါ်ရပ်တွေ အပြည့်အစုံစဉ်းစား ထားပါတယ်” ဟုဆက်လက်ပြောကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ၃၃လမ်းမြောက်ဘက်ရှိ ရေနီမြောင်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆက်လက်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


