မန္တလေး ၂၁ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကြီးမှူးကျင်းပသည့် အမေရိကန် တက္ကသိုလ်ပညာရေးပြပွဲ(၂၀၂၀) 2020 Education USA University  Fairs ကို ဖေဖော်ဝါရီ ၂၁ရက်နေ့ နံနက် ၉နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆×၆၆လမ်းထောင့်ရှိ  Hilton Hotel ၊ အမရပူရခန်းမတွင် ပြုလုပ်သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာအရာရှိ Ms.Deb Lynn က ကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ပြပွဲကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက U.S. Student Visa ၊ U.S. Exchange Programs များအကြောင်း ရှင်းလင်းပြောကြားသည်။

 

9+8

 

ထို့ပြင် တက်ရောက်လာကြသူများသည် ခန်းမအတွင်း အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်များအလိုက် ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး မိမိတို့ စိတ်ဝင်စား သည့် တက္ကသိုလ်/ကောလိပ် ပြခန်းများတွင် ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

 

အဆိုပါပြပွဲသို့ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာ ကျောင်း၊ ပုဂ္ဂလိက ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်/ကောလိပ် (၂၄)ခုခန့်မှ ကိုယ်စားလှယ်များ၊ Mandalay Jefferson Center မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)