မန္တလေး  ၁၉ ဇူလိုင်

 

မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီ ခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာ သို့ မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

1456

မန္တလေးဆိမ်းကမ်းတွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်ပြီးစိုးရိမ်ရေမှတ်အထက်ကျော်လွန်လာပါက အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်နှင့်ချမ်းမြသာစည်မြို့နယ်များ၏ ဧရာဝတီမြစ်ဘေးတစ်လျှောက် အနောက်ခြမ်းရပ်ကွက်များသို့ ရေဝင်ရောက်နိုင်ကြောင်း သိရသည်။

856

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၃ခုနှစ်၊၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့ တွင် စိုးရိမ်ရေမှတ် အထက် ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ် အဖြစ် ၁၉၇၄ ခုနှစ်တွင်၁၃၄၂ စင်တီမီတာ၊ဒုတိယအကြိမ်အဖြစ် ၂၀၀၄ ခုနှစ်တွင် ၁၃၈၂ စင်တီမီတာနှင့်၂၀၁၆ ခုနှစ် တွင် ၁၃၂၅ စင်တီမီတာ ဖြင့် အမြင့်ဆုံး ရေမှတ်များသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)