၂၁ ဇူလိုင်
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ Future of Digital Printingဆွေးနွေးပွဲနှင့် ခေတ်မီဒစ်ဂျစ်တယ်ပုံနှိပ်ကိရိယာများပြပွဲကို ဇူလိုင်၂၁ရက်နံနက်၉နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဇံက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ခေတ်မီဒီဂျစ်တယ် ပုံနှိပ်စက်ပစ္စည်းများ တင်သွင်းရောင်းချသော ကုမ္မဏီများက ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် Future of Digital Printing စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ Device Consulting Group မှ ဦးတင်ဇံကျော်၊ဧ ရာဝတီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်နှင့် CEO ဦးမျိုးမင်းဦး တို့က ပြောင်းလဲတိုးတက်လာသည့် ဒစ်ဂျစ်တယ်ပုံနှိပ်လောကနှင့် ကြော်ငြာလုပ်ငန်းများ၊ ဈေးကွက် အခြေအနေတို့ကို ဆွေးနွေးဟောပြောကြသည်။
မွန်းလွဲပိုင်းတွင် ခေတ်မီပုံနှိပ်စက်ကိရိယာများပြပွဲ ကျင်းပရာ H.P ကုမ္ပဏီ၊ Epson ကုမ္ပဏီ၊ Fuji Xerox ကုမ္ပဏီ၊ Konic minolla ကုမ္ပဏီများမှ ထုတ်လုပ်သော ဗီနိုင်းပုံနှိပ်စက်များ၊ လက်ဆောင် ပစ္စည်းများ ပုံနှိပ်သောစက်ကိရိယာများ၊ ပလတ်စတစ်ပုံနှိပ်စက်များ၊ ရောင်စုံဒစ်ဂျစ်တယ်ဗီနိုင်း စက်များ၊ စမတ်ကတ်ပြု လုပ်သောစက်များ၊ စက္ကူရောင်စုံဒစ်ဂျစ်တယ် ပုံနှိပ်စက်များအား ပြသရာ မန္တလေးမြို့နှင့် အထက်မြန်မာပြည်ရှိ ဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်းရှင်များ၊ ဆိုင်းဘုတ်လုပ်ငန်းရှင်များ၊ ကြော်ငြာလုပ်ငန်းရှင်များလာရောက် ကြည့်ရှု့လေ့လာကြသည်။
သီဟကိုကို(မန္တလေး)


