မန္တလေး ၂၀ ဇူလိုင် 


မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှ ကြီးမှူးကျင်းပသော ဇာတ်ညွှန်းပညာ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ အင်းဝ(၉)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် မန္တလေးတက္ကသိုလ် မြန်မာစာဌာန (အငြိမ်းစား) ပါမောက္ခဆရာကြီး ဦးတင်မြင့်တို့က အမှာစကားပြောကြားသည်။ ထို့နောက် အမျိုးသားစာပေဆုရ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီငြိမ်းမင်းက ဇာတ်ညွှန်းအနုပညာများနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးပို့ချသည်။ 


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်ထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် ဇာတ်ညွှန်းအနုပညာ ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။


သန်းဇော်မင်း(ပြန်/ဆက်)