ပုသိမ်ကြီး ၂၇  နိုဝင်ဘာ

 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပုသိမ်ကြီး မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်တိုက်ကွမ်ဒို ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသော ကျောင်းပေါင်းစုံ ဆောင်းရာသီ တိုက်ကွမ်ဒို သင်တန်းဆင်းပွဲ၊ သရုပ်ပြခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုက်ကွမ်ဒိုသင်တန်းသား/သူများ နှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် မှ အားကစား သမားများ သရုပ်ပြတင်ဆက်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား (၄၀ဝ)ကျော်အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ ဆုရရှိသူများကို လွှတ်တော်ကိုယ်စားနှင့် တကွ တာဝန်ရှိသူများက ဆုရရှိ သူများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ မြို့နယ်အားကစားမှူး ဒေါ်မာမာစီ၊ ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဉက္ကဌ ဦးညွန့်ဆန်း၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ဇော်ဝင်း၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇာနည်ကိုကို