မန္တလေး ၁၈  နိုဝင်ဘာ

ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာ စံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ပါမောက္ခဒေါက်တာဌေးဌေးတင်က အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ National Technical Officer  ဒေါက်တာဇာဇာနိုင် မှ AMR Situation (Global and Regional ) အား ရှင်းလင်းပြောကြားသည်။ ၄င်းနောက် AMR ပညာပေး Key Massage Show အား ပြသပြီး တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ဓါတ်ပုံနှင့်ပိုစတာများအား လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် Antimicrobial Resistance နှင့် ပတ်သက်၍   One Health Approach ရှု့ထောင့်မှ မန္တလေး တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခဒေါက်တာဝင်းမေသိန်း၊ အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသိန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သုတေသန အရာရှိ ဒေါက်တာအောင်ထွန်းနှင့် ပုဂ္ဂလိကဆေးရုံများအသင်းဉက္ကဌ ဒေါက်တာကြည်ရှင် တို့က ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ်ကို နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဒေါက်တာ ခင်မောင်ဌေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)