မန္တလေး ၂၃ ဖေဖော်ဝါရီ
လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော်လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ခံ နည်းပြဒေါ်မြင့်တင်၊ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ ဇော်မျိုးလွင်နှင့် စာရေးဆရာမ ခင်ခင်ဝင်း(ပညာရေး)တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တက်ရောက်လာသူများမှ ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး ခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာ/မများ၊ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး နှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားသော ဧည်သည့်တော်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


