မန္တလေး ၉  ဒီဇင်ဘာ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ကြီးမှူး ဖွင့်လှစ်သော မိုးလေဝသအဆင့်(၂) သင်တန်းဖွင့်ပွဲ ကို မန္တလေးမြို့၊၂၈လမ်း၊၇၁လမ်းနှင့်၇၁လမ်းကြားရှိ  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ) တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည် ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက သင်တန်း စည်းမျဉ်း စည်းကမ်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် အမှတ်တရစုပေါင်း မှတ်တမ်း ဓါတ်ပုံရိုက်ကူးသည်။

 

အဆိုပါ သင်တန်းတွင် လေထုဖွဲ့စည်းပုံ၊ လေထုအတွင်း ထောင်လိုက်အလွှာများ ခွဲခြားခြင်း၊ လေထုအတွင်း အပူဖလှယ်ခြင်း ဖြစ်စဉ်များ၊ လေအပူချိန်၊ လေထုဖိအား၊ လေထုစိုထိုင်းမှု၊ တိမ်များ ဖြစ်ပေါ်ခြင်း အကြောင်း၊လေထု အခြေခိုင်ခြင်း နှင့် အခြေမခိုင်ခြင်း၊ မိုးရွာကျခြင်း ဖြစ်စဉ်များ၊ လေအကြောင်း၊ ဒေသန္တရတိုက်လေများ၊ ပြင်းထန်သော ဒေသန္တရ မုန်တိုင်းများ၊ ရာသီဉတု ပြောင်းလဲမှု၊ လေစိုင်များနှင့် လေစိုင်ဆုံများ၊ တစ်ပြိုင်နက်မိုးလေဝသ အခြေအနေ၊ အပူပိုင်း မိုးလေဝသ၊ ကမ္ဘာ့လေကြောင်းကြီးများ လှည့်လည်ပုံ၊ မြေဆီလွှာအပူချိန်တိုင်း သာမိုမီတာအမျိုးမျိုး တပ်ဆင်နည်း၊ အသုံးပြုနည်းနှင့် မှတ်တမ်းပြုစုနည်း၊ ကိရိယာတပ်ဆင်ခြင်း၊တိုင်းတွာခြင်း၊မြေဆီလွှာအပူချိန်တိုင်း သာမိုမီတာ၏ ချွတ်ယွင်းချက်များ၊ စိုက်ပျိုးရေးမိုးလေဝသမှတ်တမ်းများ အရည်အသွေး ထိန်းသိမ်း ခြင်းနှင့် စစ်ဆေးခြင်း၊ မိုးခေါင်ခြင်း အစရှိသော မိုးလေဝသဆိုင်ရာ ဘာသာရပ်များအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးမှ သင်တန်းသား/သူ(၅၈)ဦး အား ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ  တစ်လ ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)