မန္တလေး ၂၅  ဇန်နဝါရီ

 

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ နှင့် Myanmar Graphic Design Exhibition (Mandalay)ကို Design-Speak Safety အမည်ဖြင့် ဒီဇိုင်းလက်ရာ ၈၂ ကားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

6

 

ယင်းပြပွဲကို မန္တလေးမြို့ ၈၄လမ်းနှင့် ၃၁လမ်းထောင့်ရှိ ဓမ္မသာလာခန်းမ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

 


" ဒီဇိုင်းပြပွဲလုပ်ရခြင်းအားဖြင့် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ ပြပွဲတွေ ပညာဖလှယ်တာတွေ လုပ်နိုင်မယ် ။ နောက်ပြီး ဒီဇိုင်းပညာရှင်လူငယ်တွေ အနေနဲ့လည်း အခွင့်အလမ်းတွေ ရှိလာနိုင်တယ်" ဟု မန္တလေး တိုင်းဒေသကြီး တာဝန်ခံဒီဇိုင်နာ ကိုမျိုးညီညီထွန်းက ပြောသည်။

 

7

 

ပြပွဲတွင် ရန်ကုန်မြို့၌ ကျင်းပပြီးစီးခဲ့သည့်ပြပွဲတွင် ပြသခဲ့သော တောင်ကိုရီးယားနိုင်ငံမှ ဒီဇိုင်းများ၊ မန္တလေးမှ ဒီဇိုင်းပညာ ရှင်များ၏လက်ရာများနှင့် နိုင်ငံကျော် ဒီဇိုင်းပညာရှင်များက ဟောပြော ဆွေးနွေးမည့် ပညာရပ်ဆိုင်ရာ ဟောပြောမှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကြီးကို My Family ခေါင်းစဉ်ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ထို့ပြင် တောင်ကိုးရီးယားနိုင်ငံ ဘူဆန်မြို့တွင်လည်း 15th Busan International Graphic Design Festival 2018 ဒီဇိုင်းပြပွဲတွင် မြန်မာ ဂရပ်ဖစ် ဒီဇိုင်နာ ၁၀ ဦး ပါဝင်ပြသခဲ့ပြီး တောင်းကိုးရီးယားနိုင်ငံနှင့်လည်း MOU စာချုပ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည် ။

 

သူရိန်လင်း