မန္တလေး ၄ ဇန်နဝါရီ
နှစ်(၇၁) မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အဆင့်မြင့် အားကစားကွင်း၌ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နံနက်(၄) နာရီ(၂၀) မိနစ်၌ အလံတင် အခမ်းအနား ကျင်းပပြီး နံနက် ၇ နာရီတွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အခမ်းအနား တက်ရောက်လာသူများက အလေးပြုခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော နှစ်(၇၁) မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပြည်သူလူထုများ၊ စုစုပေါင်း(၃၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)