မန္တလေး ဒီဇင်ဘာ ၂၃

 

မန္တလေးမြို့ရှိ   အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏  ပင်စင်လစာငွေများကို မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်(၁)၊ ပြည်ကြီးကျက်သရေအရှေ့ရပ် ၂၄ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်(၂)နှင့် ၂၆ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ မြန်မာ့စီးပွားရေးဘဏ်(၃)တို့တွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီမှစတင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိသည်။

 

အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ အေးချမ်းစွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများ၊ တပ်မတော်သားများ၊ အောင်မြေသာစံမြို့နယ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးကြသည်။ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများအား ဘဏ်ဖွင့်ရက်သင့်လျော်သည့် အချိန်တွင် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည်။

 

လက်ရှိအချိန် Mobile Internet ငွေလွှဲ၊ ငွေပေး ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် အငြိမ်းစားများအနေဖြင့် E-Pension Card များအသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်များတွင် ထုတ်ယူနိုင်ပြီး Myanmar Mobile Money ၊ MPT Pay ၊ Mytel Pay တို့ အသုံးပြု၍လည်း နီးစပ်ရာအေးဂျင့်များတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)