မန္တလေး ၆ ဒီဇင်ဘာ
ပန်းချီဆရာ (၁၇)ဦး ပူးပေါင်းပါဝင်ပြသသော Living Art ပန်းချီပြပွဲဖွင့်ပွဲကို မန္တလေးတောင်ခြေရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် ပန်းချီဆရာကြီး ဦးမာလာ၊ ပန်းချီဆရာကြီး ဦးခင်မောင်သန်း၊ ပန်းချီးဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း) နှင့် ပန်းချီဆရာကြီး ဦးလှထွန်းတို့က မုဒိတာ စကားပြောကြားသည်။ ထို့နောက် ခင်းကျင်း ပြသထားသော ပန်းချီကားများအား လှည့်လည်ကြည့်ရူ့သည်။
အဆိုပါ ပန်းချီပြပွဲကို ဒီဇင်ဘာ ၆ ရက် မှ ၈ ရက် အထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၆ နာရီ အထိ သုံးရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ရေဆေးပန်းချီကားပေါင်း(၁၁၅) ကားနှင့် မှန်စီရွှေချ ပန်းချီကား (၂)ကား ပါဝင်ကြောင်း သိရသည်။ဖွင့်ပွဲသို့ ပန်းချီဆရာကြီး၊ ဆရာမကြီးများ၊ ဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရပြီး မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)