မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပလျက်သည့် ကျောက်မျက်ပြပွဲတွင် တင်ဒါစဖွင့်သည့်နေ့၌ မြန်မာငွေကျပ် သိန်း လေးသောင်းငါးထောင်ကျော်ဖိုး ရောင်းချခဲ့ရ

မန္တလေး ၂၇  အောက်တိုဘာ 

မန္တလေးမြို့ ကွန်ဗင်းရှင်စင်တာတွင် ပထမဆုံးအကြိမ်ကျင်းပသည့်‌ ကျောက်စိမ်းအရိုင်း အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲတွင် တင်ဒါစဖွင့်သည့် အောက်တိုဘာ ၂၆ ရက်နေ့၌ ကျောက်စိမ်းအတွဲပေါင်း ၅၀ဝ ကျော်ကို ငွေကျပ် သိန်းပေါင်း လေးသောင်းငါးထောင်ကျော် ဖြင့် ရောင်းချခဲ့ရကြောင်း ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ဇောအောင်က ပြောကြားသည်။

 

ေ

 

အဆိုပါပြပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိကို ပြသထားသည့် ကျောက်မျက်များအား လေ့လာကြည့်ရှုရက်အဖြစ် သတ်မှတ်ကာ အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအရိုင်းအတွဲပေါင်း ၂၉၈၅ တွဲကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ေ

 

“ဒီပြပွဲကို ပြည်တွင်းက ကျောက်မျက်ကုန်သည် ခြောက်ထောင်ကျော်နဲ့ ပြည်ပကုန်သည် ၆၀ဝ နီးပါး လောက် လာရောက်ကြည့်ရှုဝယ်ယူကြပါတယ်။ အောက်တိုဘာ ၂၆ ရက်ကစပြီး နေ့စဉ် ကျောက်စိမ်း အတွဲပေါင်း ၈၂၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ပြီး ရောင်းချပေး နေပါတယ်။ တင်ဒါစဖွင့်တဲ့နေ့မှာပဲ ကျောက်စိမ်းအတွဲ ၈၂၈ တွဲအနက် ၅၂၀ ကျော်ကို သိန်းပေါင်း လေးသောင်းငါးထောင်ကျော်ဖိုး ရောင်းချခဲ့ရပြီး ကျန်တဲ့အတွဲတွေအတွက် ရောင်းချရငွေကို စိစစ် တွက်ချက်နေပါတယ်။ ဒီပြပွဲကို အခြေခံကျောက်စိမ်း လုပ်ကိုင်နေသူတွေအတွက် အဆင်ပြေပြေ ဝယ်ယူရောင်းချနိုင်အောင် ကြိုးစားပြီး ပထမဆုံးအကြိမ်အနေနဲ့ ကျင်းပပေးတဲ့ ပွဲဖြစ်တဲ့အတွက် အားနည်းချက်တွေ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ဟု ၎င်းက ပြောသည်။

 

ေ

 

အဆိုပါပြပွဲတွင် လာရောက်ဝယ်ယူသူ မြပွင့်ဖြူ ကျောက်မျက်ရောင်းဝယ်ရေးမှ ဒေါ်သန်းသန်းမော်ကလည်း ဒီလိုကျောက်မျက်ပြပွဲတွေဆိုတာ နေပြည်တော်မှာပဲ ကျင်းပတာ ဖြစ်တဲ့အတွက် မန္တလေးက ကျောက်အရောင်းအဝယ် လုပ်တဲ့သူတွေ ခရီးစရိတ် စားစရိတ်နဲ့ တည်းခိုစရိတ်တွေ ကုန်ကျတယ်။ အခုလို မန္တလေးမှာ ပြပွဲလုပ်ပေးတဲ့အတွက် အကုန်အကျ သက်သာသွားတဲ့အပြင် မြန်မာငွေကျပ်နဲ့ အရောင်းအဝယ် လုပ်ခွင့်ပေးတဲ့ အတွက်လည်း အခြေခံကျောက်စိမ်းလုပ်ငန်းလုပ်တဲ့သူတွေအတွက် အဆင်ပြေသွားပါတယ် ဟု ပြောသည်။

 

ေ

 

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲတွင် တင်ဒါစနစ်ဖြင့် ရောင်းချသည့် ကျောက်စိမ်းအတွဲများအား လာရောက်ကြည့်ရှုဝယ်ယူသူများအတွက် ဝင်ကြေးငွေကို ပြည်တွင်းကုန်သည်အနေဖြင့် ကျပ် နှစ်သောင်းနှုန်းနှင့် ပြည်ပကုန်သည်အတွက် ကျပ် တစ်သိန်းကောက်ခံခဲ့ပြီး ကျောက်စိမ်းအရောင်း အဝယ်အတွက် အခွန်ကောက်ခံနှုန်းကို ရောင်းသူ ၁၃ ရာခိုင်နှုန်းနှင့် ဝယ်သူ ၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

ေ

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်