မန္တလေး ၁၉  ဩဂုတ် 


ဓာတ်ပုံအနုပညာချစ်သူများ စုပေါင်း၍ ရေဘေးကယ်ဆယ်ရေးဓာတ်ပုံအရောင်းပွဲတော်ကို မန္တလေးမြို့၊ ၂၆ လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြားရှိ ကျုံးတောင်ဘက်တွင် ဩဂုတ် ၁၅ ရက်မှ ဩဂုတ် ၂၁ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံအရောင်းပွဲတော်ကို အထက်မြန်မာပြည်မှ ဓာတ်ပုံပညာရှင်များ၊ မန္တလေးမြို့မှ ဓာတ်ပုံပညာရှင်များနှင့် ဓာတ်ပုံအနုပညာချစ်မြတ်နိုးသူများစုပေါင်းကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ဩဂုတ် ၁၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၁၆ ရက် နဲ့ ၁၇ ရက်များတွင် မန္တလေးမြို့မှာ မိုးတွေရွာနေတော့ မဖွင့်လှစ်နိုင်ခဲ့ဘူး၊ ဩဂုတ်၁၈ ရက်နေ့ မှ ပြန်ဖွင့်နိုင်တာပါ၊ ဒီဓာတ်ပုံအရောင်းပွဲ ဓာတ်ပုံပေါင်း(၃၀ဝ)ကျော် ခင်းကျင်းပြသထားပါတယ်၊ ဓာတ်ပုံအရွယ်အစားပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချကြောင်း၊ ရောင်းချရငွေများအားလုံးကို မြန်မာနိုင်ငံအတွင်းရှိ ရေဘေးအန္တရာယ် ခံစားနေရသော ပြည်သူများထံ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ဓာတ်ပုံအနုပညာ ချစ်သူများအဖွဲ့မှ ဓာတ်ပုံဆရာ ကိုဇော်ဇော်ကောင်းစံက ပြောကြားသည်။


သန်းဇော်မင်း (ပြန်/ဆက်)

 

1908Ph